ထိုင်းဘက်ခြမ်းကို လက်နက်ကြီးကျလို့ ထိုင်းစစ်တပ် ပစ်ခတ်သတိပေး
မြန်မာဘက်ခြမ်းက တိုက်ပွဲကနေ လက်နက်ကြီးကျည်တစ်လုံး ထိုင်းဘက်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူ ၁ ဦး ဒဏ်ရာရခဲ့အပြီးမှာ ထိုင်းဘက်က ဒီအခြေနေကို မီးခိုးဗုံးပစ်ပြီး ပြန်လည် သတိပေးပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာ သတင်းထုတ်ပါတယ်။
ထိုင်း -မြန်မာနယ်စပ်၊ မြ၀တီမြို့တောင်ပိုင်းက မြန်မာစစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်း အဖွဲ့တွေရဲ့တိုက်ပွဲအတွင်း မော်တာကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ အခုလိုပြုလုပ်ခဲ့တာလို့ ထိုင်းစစ်တပ်က ပြောပါတယ်။
မဲဆောက်အပါအ၀င် ထိုင်းနယ်စပ် လုံခြုံရေးကိုင်တွယ်တဲ့ ထိုင်းစစ်တပ်ရဲ့ နရစွမ်တပ်ဖွဲ့ကတော့ အခုလိုပစ်ခတ်မှုကို စစ်ဘက်ဆိုင်ရာလုပ်ထုံးအလုပ်နည်း (ROE) အရ ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။
အခြေအနေကို ဟန်ချက်ညှိအောင် ပစ်ခတ်တဲ့အနေနဲ့ အလင်းပြကျည်နဲ့ မီးခိုးကျည်တွေကို သတိပေး ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
မြန်မာဘက်က တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေပြီး အခြေအနေအရ စစ်ဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းအတိုင်း တုံ့ပြန်မယ်လို့ ထိုင်းစစ်တပ်က အစောပိုင်းကတည်းက ပြောထားပါတယ်။