ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, ဆားတောင်မိုးကြိုးအဖွဲ့ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီးနောက် အဖွဲ့ကို ဖျက်သိမ်းလိုက်တာလို့ သတင်းတွေ ထွက်နေ
- ရခိုင်ပြည် ပေါက်တောနယ်ထဲက ငပြီကျွန်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ထက်မနည်း လုပ်ခဲ့ - စစ်ကိုင်းတိုင်း ကန့်ဘလူမှာလဲ ထန်းတောရွာကို လေကြောင်းကနေ ဗုံးကြဲခံခဲ့ရလို့ မိသားစု ၅ ယောက် သေဆုံးတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ပြော - အမေရိကန်နဲ့မြန်မာတို့ တွေ့ဆုံမှုရှိလာတာကို ထောက်ခံတယ်လို့ ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ပြော - ပြင်သစ်မှာ လူနေမှုစရိတ်မြင့်လာတာနဲ့ စာသင်ကျောင်း အခြေအနေတွေကို မကျေနပ်လို့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဖြစ်ပွားနေရာမှာ လီယွန် မြို့မှာ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးသုံး လူစုခွဲ - ဆော်ဒီအာရေဗျ ဟာ အီရန်ထောက်ခံမှုရရှိထားတဲ့ ယီမင် ဟူသီသူပုန်အဖွဲ့ ထိန်းချုပ်ရာ ပင်လယ်နီ ကမ်းခြေ ဆိပ်ကမ်းမြို့ မိုခါကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ခန့်လုပ်ခဲ့ပြီး တေ့ဇ် မြို့နားက လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဟူသီမီဒီယာတွေမှာဖော်ပြထား - အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်း ဒေသ ဟီဘရွန်း မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့က အစ္စရေး စစ်သားနှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် ပါလက်စတိုင်း နေအိမ်တွေ ဘူဒိုဇာတွေနဲ့ ဖြိုဖျက် ခံခဲ့ရသလို မိသားစု ၂၅၀ ခန့်ကို နေအိမ်တွေကနေ အတင်းအကျပ် ရွှေ့ပြောင်းခိုင်း - မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း တရုတ်နယ်စပ်မြို့တစ်မြို့ကို မမျှော်လင့်ဘဲ ရောက်လာခဲ့ပြီး ဒန်ဒေါင်း မြို့မှာ စစ်အထိမ်းအမှတ်နေရာတစ်ခုနဲ့ စက်ရုံတစ်ရုံကို သွားရောက်ကြည့်ရှုကာ တရုတ် အကြီးတန်း နိုင်ငံရေးအကြံပေး Wang Huning ဝမ်ဟူနင်း နဲ့တွေ့ဆုံ - ချမ်ပီ တိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်ဝမ် အရှေ့မြောက်ကမ်းရိုးတန်းကို ဝင်ရောက် ရိုက်ခတ်ခဲ့ပြီး သစ်ပင်တွေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြိုလဲကာ လူတယောက် ပင်လယ်ထဲ မျော သေဆုံးခဲ့သလို လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်မှုတွေကြောင့် လူ အယောက် ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရ - FIFA ဥက္ကဋ္ဌ Gianni Infantino က သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်သင့် သလား ဆိုတဲ့ မေးခွန်းကို ရယ်မောပြီး ပယ်ချခဲ့ပြီး FIFA ကို ဦးဆောင်ဖို့ သူ့ဟာ သင့်တော်မှု ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး “လူအများ” သဘောထားကို လေးစားသင့်တယ်လို့ BBC နဲ့ မေးမြန်းခန်း မှာ Mr Infantino ပြောတဲ့ အကြောင်း အပါအဝင်မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
နောက်ဆုံးလွှင့် အစီအစဉ်များ
နောက်ထပ်နားဆင်ရန်, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၅ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၄ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၃ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၂၂ အောက်တိုဘာ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ