ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, ပလက်ဝက ကုန်ရောင်းကုန်ဝယ်တို့နဲ့ စည်ကားရာ ချောင်းဆုံအရပ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား အနည်းဆုံး ၇ ယောက်သေဆုံးခဲ့

အောက်တိုဘာလ ၁၉ ရက်၊ တနင်းလာနေ့ ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ်

- ပလက်ဝက ကုန်ရောင်းကုန်ဝယ်တို့နဲ့ စည်ကားရာ ချောင်းဆုံအရပ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား အနည်းဆုံး ၇ ယောက်သေဆုံးခဲ့ - ကလေးအများအပြားပါဝင်ပြီး လူ ၂၀၀ ကျော်ကို သတ်ဖြတ်မှုနဲ့ တရားဟော ဆရာတယောက်ကို ကင်ညာမှာ တရားစီရင်ချက်ချဖို့ ရှိနေ - ထိုင်းမှာ CI နဲ့ နိုင်ငံကူးလက်မှတ်တွေ မလိုဘဲ ပန်းရောင်ကဒ် နဲ့ အလုပ်လုပ်ခွင့် ပြုစေရေးအတွက် တောင်းဆိုနေ - ဒီလ မကုန်ခင် အထည်ချုပ်စက်ရုံ ၆ ရုံ ပိတ်မှာဖြစ်လို့ အလုပ်သမား တသောင်းလောက် အလုပ်ပြုတ်မယ့်အခြေအနေနဲ့ ကြုံနေရ - ပြင်သစ် ဝန်ကြီးချုပ်က လမ်းပေါ် အကြမ်းဖက်မှုတွေကို တားဆီးနိုင်အောင် မြို့တွေမှာ ဒေသအာဏာပိုင်တွေက ကာဖျူးမိန့်ထုတ်ဖို့ သူညွှန်ကြားမယ်လို့ ဆို - သြစတြေးလျ အမတ် တယောက် သူ့ ရုံးရှေ့မှာပဲ ကားတိုက်ခံရပြီး အပြင်းအထန်ဒဏ်ရာရ၊ ဒါဟာ အကြမ်းဖက်မှုလားလို့ ဆန်းစစ်နေကြ - ဂါဇာမှာ WFP အထောက်အပံ့ကို ၃ ပုံ ၁ ပုံ လျှော့လိုက်တဲ့အတွက် ဒေသခံတွေက ဒီဆုံးဖြတ်ချက်ဟာ ကပ်ဆိုက်စေတဲ့ အဆုံးအဖြတ်လို့ ဝေဖန်နေကြ

ဒီလို သတင်းတွေ အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက် ထားပါတယ်။

ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။

အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://ndjeirbsjao.shop/burmese/bbc_burmese_radio/liveradio%3C/a%3E ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://ndjeirbsjao.shop/burmese/bbc_burmese_radio/w3csxs4j%3C/a%3E ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://ndjeirbsjao.shop/burmese/media-45625858%3C/a%3E%3C/p%3E%3Cp class="EpisodeDescriptionFormatter_paragraph__icLrq">ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ

လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ရေဒီယို