အရွယ်စုံဆင် ၁၄၀ ကျော်နဲ့ကျောက်ဆည်ဆင်ပွဲ
အရွယ်စုံဆင် ၁၄၀ ကျော်နဲ့ကျောက်ဆည်ဆင်ပွဲ
ရေးသားခဲ့သည်။
ဘော်ကြယ်၊ ရိုးရာနဲ့ ကလေးဆင် အရွယ်စုံ အကောင်ရေ ၁၄၀ ကျော်ပါ၀င်တဲ့ ဆင်အကအလှ ပွဲတော်ကို ကျောက်ဆည်မြို့မှာ ကျင်းပသွားပါတယ်။
ဆင်ရုပ်ကြီးတွေထဲ လူတွေ ၀င်ကပြကြတဲ့ ဒီနှစ် ဆင်ပွဲတော်မှာ ၁၂ ကြိမ် ဆုရထားတဲ့ ဇော်ဂျီမောင်အဖွဲ့လည်း အထူးပါ၀င်တင်ဆက်ခဲ့ပါတယ်။
အရင်က အသက်အကြီးဆုံးဆင်ဆုလို့ သတ်မှတ်ပြီးပေးခဲ့တဲ့ ဂုဏ်ပြုဆုကိုတော့ နှစ် ၉၀ သက်တမ်းရှိပြီဖြစ်တဲ့ ကျောက်ဆည်မြို့၊ ညောင်ခြောက်ပင်ရပ်ကွက် ဆင်အဖွဲ့က ဆွတ်ခူးပါတယ်။
ကျောက်ဆည်ဆင်ပွဲ ဘယ်လို ကျင်းပလဲ။ ရုပ်သံမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #ကျောက်ဆည် #ဆင်ပွဲတော်



