ရခိုင်ပြည်နယ်ထဲ နေရာ ၅ ခု လေကြောင်းတိုက်ခိုက်ခံရ

ဗီဒီယို ပုံစာ, ရခိုင်ပြည်နယ်ထဲ နေရာ ၅ ခုမှာ လေကြောင်းတိုက်ခိုက်ခံရ
ရခိုင်ပြည်နယ်ထဲ နေရာ ၅ ခု လေကြောင်းတိုက်ခိုက်ခံရ
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ပေါက်တောမြို့နယ်ထဲက နေရာငါးခုထက်မနည်းကို မနေ့ညက စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။ စစ်တပ်ဟာ အရပ်သားနေရာတွေကို ပစ်မှတ်ထား ဆက်တိုက်ပစ်ခတ်နေတာဖြစ်ပြီး နှစ်လ အတွင်းမှာတင် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပြီလို့ဆိုပါတယ်။ လေကြောင်းကနေ ဆက်တိုက် ဘာကြောင့်တိုက်ခိုက်နေတာပါလဲ၊ မြေပြင်မှာရော တိုက်ပွဲ အခြေအနေ ဘယ်လိုရှိနေပါသလဲ။ ဒီအကြောင်းကို ကိုဝေဖြိုးက ပြောပြမှာပါ။