ဆေးစစ်ချက်အဖြေတွေအမြန်ပို့ပေးနေတဲ့ ဒရုန်း

ဗီဒီယို ပုံစာ, ဆေးစစ်ချက်အဖြေတွေအမြန်ပို့ပေးနေတဲ့ ဒရုန်း
ဆေးစစ်ချက်အဖြေတွေအမြန်ပို့ပေးနေတဲ့ ဒရုန်း
ရေးသားခဲ့သည်။

အိန္ဒိယတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ကပြည်နယ်ထဲက ဝေးလံတဲ့ကျေးလက်တွေမှာနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သွေးစစ်တာ ဆေးစစ်တာလုပ်ဖို့ဆို ကားတစ်တန် ယာဥ်တစ်လှည့်နဲ့ တောင်တွေကျော်လို့ အနီးဆုံးမြို့တွေဆီ နာရီနဲ့ချီကြာအောင် သွားရပါတယ်။ ဆေးစစ်ချက်တွေ သိရဖို့လည်း အဲဒီခရီးကို နောက်တစ်ကြိမ်သွားရပြန်ပါတယ်။ အခုတော့ အနီးအနား ကျေးရွာတွေစုပြီး ကျန်းမာရေးဌာနတွေမှာ သွေးဖောက်၊ ပြီးရင် ၈၀ ကီလိုမီတာအတွင်း ရှိတဲ့ ဓာတ်ခွဲခန်းတွေဆီ ဒရုန်းနဲ့ ပို့ပေးပါတယ်။ ဆေးစစ်ချက်အဖြေတွေကိုလည်း ဒီနည်းနဲ့ ပြန်ပို့ပေးသလို အရေးပေါ်ဆေးဝါးတွေကိုလည်း ဒရုန်းနဲ့ ပို့ပေးနေတဲ့အတွက် အချိန်ကုန် စရိတ်ကုန်တာတွေ အများကြီးသက်သာသလို ကုသဖို့လိုတဲ့ ရောဂါတွေကိုလည်း အမြန်ကုသနိုင်တဲ့အတွက် သေဆုံးမှုတွေလျော့နည်းလာနေပါတယ်။ ဒါပေမဲ့ ဒရုန်းပျံသန်းနိုင်မှုမှာ ရာသီဥတု၊ ခရီးအကွာအဝေးနဲ့ လေကြောင်းဇုန်ကန့်သတ်မှု အခက်အခဲတွေတော့ ရှိနေပါသေးတယ်။ •

#ဘီဘီစီမြန်မာပိုင်း #အိန္ဒိယ #ဒရုန်း #ကျန်းမာရေး #ဆေးပညာ #နည်းပညာ