မြန်မာနဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ ထိုင်း တိုးမြှင့်ချင်
မြန်မာနဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ ထိုင်း တိုးမြှင့်ချင်
ရေးသားခဲ့သည်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေးကွက်အကျပ်အတည်းဆိုက်နေချိန်မှာ ထိုင်းနိုင်ငံက မြန်မာမှာ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု တိုးမြှင့်ရေး၊ ရေအားလျှပ်စစ်စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံရေးနဲ့ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေးအပါအဝင် နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ နေပြည်တော်အထိလာရောက်ဆွေးနွေးသွားပါတယ်။ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က MOGE ကို ဒဏ်ခတ်ပိတ်ဆို့ထားမှုကြာင့်နိုင်ငံတကာစွမ်းအင် ကုမ္ပဏီတွေ ပြန်လည်ထွက်ခွာသွားချိန်မှာ ထိုင်းအနေနဲ့ ဘာကြောင့်စွမ်းအင်ကဏ္ဍမှာ ပိုတိုး လုပ်ချင်နေတာလဲ။ အကြောင်းစုံကို မရွှေပိုးနီ စုစည်းပြောပြပေးမှာပါ။



