ဒေါ်အောင်ဆန်းစုကြည်အတွက် ဘုရင့်လက်ဆောင်တွေ အပေါ်တုံ့ပြန်မှု
ဒေါ်အောင်ဆန်းစုကြည်အတွက် ဘုရင့်လက်ဆောင်တွေ အပေါ်တုံ့ပြန်မှု
ရေးသားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ချားလ်ဘုရင်ကြီးက ပေးတဲ့ လက်ဆောင်တွေ ရောက်သွား တဲ့သတင်းက ပြည်တွင်းပြည်ပမှာ ထိပ်တန်းရောက်ခဲ့ပါတယ်။ အဖမ်းခံထားရတာ ငါးနှစ်ကျော်ရှိပြီး ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်ထံ နိုင်ငံခြားတိုင်းပြည်တစ်ခုက ပေးတဲ့လက်ဆောင်အကြောင်း နေပြည်တော်က ပထမဆုံး ထုတ်ပြတာလည်းဖြစ်ပါတယ်။ သမ္မတရုံးပြောခွင့်ရရဲ့ ထုတ်ပြန်ချက်မှာ အသုံးအနှုန်းကို ပြန်လည်ပြင်ဆင်ဖော်ပြခဲ့ပြီး မပြင်ဆင်ခင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အထူးအကျဥ်းသူ ဒေါ်စုကြည်လို့ သုံးနှုန်းခဲ့ပါတယ်။ စာအုပ်တွေနဲ့စာ ပေးပို့တဲ့သတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်က ဘယ်လိုတုံ့ပြန်ပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိပါသလဲ။ အပြည့်အစုံကို မအေးသူစံက ပြောပြပေးပါမယ်။



