နံရံတွေပေါ်က ညစ်ညမ်းစာသားတွေကို ကျောင်းသားတွေလိုက်ဖျက်

ဗီဒီယို ပုံစာ, နံရံတွေပေါ်က ညစ်ညမ်းစာသားတွေကို ကျောင်းသားတွေလိုက်ဖျက်
နံရံတွေပေါ်က ညစ်ညမ်းစာသားတွေကို ကျောင်းသားတွေလိုက်ဖျက်
ရေးသားခဲ့သည်။

ဆားဘီးယားရွေးကောက်ပွဲမှာ ကျောင်းသားတွေဦးဆောင်ထောက်ခံတဲ့ နိုင်ငံရးလှုပ်ရှားမှုက အာဏာရအစိုးရကို အနိုင်ရလိုက်ပြီးချိန် မြို့တော်ဘဲလ်ဂရိတ်က နံရံတွေပေါ် ရေးထားတဲ့ နိုင်ငံရေးအရတိုက်ခိုက်တဲ့ ညစ်ညမ်းစာသားတွေကို ကျောင်းသားတွေက လိုက်ဖျက်ခဲ့ပါတယ်။ ကျောင်းသားတွေထောက်ခံတဲ့ ပါတီက နိုင်ငံကို ၁၄ နှစ်ကြာအုပ်စိုးလာတဲ့ လက်ယာစွန်းအမျိုးသားရေးဝါဒီ သမ္မတ အလက်ဇန္ဒားဗူးချစ်ကို အနိုင်ရခဲ့တာပါ။ ကျောင်းသားတွေ ဦးဆောင်ပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြနေခဲ့တာ နှစ်နှစ်ကျော်ကြာခဲ့ပါပြီ။ အခုတော့ ကျောင်းသားတွေက သမ္မတဗူးချစ်ရဲ့ ဓာတ်ပုံတွေကိုလည်း အစိုးရရုံးတွေကနေ ဖယ်ရှားခဲ့ပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #ဆားဘီးယား #ကျောင်းသားလှုပ်ရှားမှု