မီးငြှိမ်းဖို့ ရေသယ်နေတဲ့ရဟတ်ယာဥ် မြစ်ထဲပျက်ကျ
မီးငြှိမ်းဖို့ ရေသယ်နေတဲ့ရဟတ်ယာဥ် မြစ်ထဲပျက်ကျ
ရေးသားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ တောင်ကာလီမန်တန်ပြည်နယ်မှာ လောင်နေတဲ့ တောမီးတွေကို ငြှိမ်းသတ်ပေးနေတဲ့ ရဟတ်ယာဥ်တစ်စင်း မြစ်ထဲကရေခပ်သယ်နေရင်း ထိုးကျပျက်စီးသွားပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။ ရဟတ်ယာဥ်ပေါ်ပါ နိုင်ငံခြားသား နှစ်ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးနေပြီး မီးငြှိမ်းသတ်တာတွေကိုတော့ ဆက်လုပ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #အင်ဒိုနီးရှား #တောမီး #အယ်လ်နီညို #သဘာဝဘေး #ရာသီဥတု



