စစ်ကိုင်းနဲ့ ကချင်အစပ် အင်းတော်မြို့နယ်၊ မော်လူးမြို့အနီး တိုက်ပွဲ ပြင်းထန်
စစ်ကိုင်းနဲ့ ကချင်အစပ် အင်းတော်မြို့နယ်၊ မော်လူးမြို့အနီး တိုက်ပွဲ ပြင်းထန်
ရေးသားခဲ့သည်။
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးမှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စခန်းတချို့ကို တော်လှန်ရေးတပ်တွေ ဘက်က သိမ်းယူနိုင်တာတွေ ရှိတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ မန္တလေး PDF အထူးလှုပ်ရှားတပ်မကလည်း မဟာမိတ် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထီးချိုင့်၊ အင်းတော်၊ တကောင်းမြို့က စစ်တပ်စခန်းနဲ့ ဂိတ်တွေကို ပြီးခဲ့တဲ့လကစလို့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက အခြေအနေတွေ အကြောင်း ကိုဝေဖြိုးက ပြောပြထားပါတယ်။



