ပူပြင်းတဲ့ ကြားက ဝိုင်ဘီအက်စ် စီးရတဲ့ ဒုက္ခ
ပူပြင်းတဲ့ ကြားက ဝိုင်ဘီအက်စ် စီးရတဲ့ ဒုက္ခ
ရေးသားခဲ့သည်။
ပြင်းထန်ရာသီဥတု အယ်လ်နီညိုကာလမှာ ရန်ကုန်က သန်းနဲ့ချီတဲ့ ပြည်သူတွေ အားကိုးနေရတဲ့ ဝိုင်ဘီအက်စ် ဘတ်စ်ကားတွေဟာ ဟောင်းနွမ်းပြီး ကြံ့ခိုင်ရေးအားနည်းတာ၊ ပြင်ဆင်စရိတ်ဈေးကြီးလို့ မပြင်နိုင်တာတွေကြောင့် ပြေးဆွဲတဲ့ယာဉ်စီးရေနဲ့ ခရီးသည်ဦးရေ မမျှတတဲ့ အခြေအနေ ဖြစ်နေပါတယ်။ လေအေးပေးစက် (အဲကွန်း) တွေ အလုပ်မလုပ်တော့တဲ့ ဘတ်စ်ကားတွေပေါ်မှာ ပြည့်ကျပ်တိုးဝှေ့ပြီး စီးနင်းနေရတဲ့ ခရီးသည်တွေအနေနဲ့ ပူအိုက်ပိတ်လှောင်ပြီး စီးနေရတဲ့အခြေအနေနဲ့ ဘတ်စ်ကားစီးတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ။ ကိုမြတ်ဦးမောင်က သတင်းပေးပို့ထားပါတယ်။



