HIV ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်း ၂၀၂၇မှ စနိုင်မယ်

ဗီဒီယို ပုံစာ, HIV ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်း ၂၀၂၇မှ စနိုင်မယ်
HIV ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်း ၂၀၂၇မှ စနိုင်မယ်
ရေးသားခဲ့သည်။

၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းကျရင် မြန်မာ နိုင်ငံမှာ HIV ကာကွယ်ဆေးထိုးပေးတဲ့ လုပ်ငန်းတွေကို စတင်နိုင်မယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ လီနာကာဗာဘီယာ လို့ခေါ်တဲ့ HIV ကာကွယ်ဆေးဟာ ထိုးဆေး အဖြစ်သုံးစွဲရတာ ဖြစ်ပြီး တစ်နှစ်ကို ၂ ကြိမ် ထိုးနှံရမှာလည်း ဖြစ်ပါတယ်။ ဒီဆေးကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကွဲရေး ဌာနဘက်ကလည်း အတည်ပြုပေးထားပါတယ်။ ဒီဆေးအကြောင်း မသင်းသင်းနွယ်က ပြောပြပေးမှာပါ။